online news

လူပေါင်း ၂၆၅ သန်း ငတ်မွတ်ခြင်းဘေးနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကြောင့် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရပြီး ငတ်မွတ်ခေါင်းပါးပြီး ဆာလောင်နေသည့် လူဦးရေ ၂၆၅ သန်းအထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောကြားလိုက်သည်။ရာသီဥတုပြောင်းလဲခြင်း နှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများကြောင့် လူပေါင်း ၁၃၅ သန်းမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအေဂျင်စီနှင့် ဥရောပသမဂ္ဂမှယမန်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ လူအများအပြားမှာ စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်နေရပြီး အာဖရိကနိုင်ငံများ၌ အပြင်းထန်ဆုံး ခံစားရမည်ဖြစ်ကြောင်း…


ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို မျက်ရည်ဝဲစေခဲ့တဲ့ ဦးဇော်ဇော် ရဲ့ လေးစားစရာ လုပ်ရပ် တစ်ခု

Max ဆီဆိုင်ကနေအထွက်ကို မျက်ရည်တွေဝဲပြီးထွက်လာရလိမ့်မယ်လို့တသက်နဲ့တစ်ကိုယ်မထင်ခဲ့ဖူးဘူးဒီနေ့ဆေးရုံကအပြန် scrub suit နဲ့ပြန်လာပီးဆီဝင်ဖြည့်တယ်ပေါ့scrub suit နဲ့ဆိုတော့ဆီဖြည့်ပေးတဲ့ကောင်လေးက အမက ဆရာဝန်လားတဲ့ ဟုတ်တယ်လို့ပြန်ဖြေပီး (စိတ်ထဲမှာတော့ ငါ့များမောင်းထုတ်မလို့လားလို့ ထိတ်ခနဲဖြစ်သွားတယ် )ဘာဖြစ်လို့လဲလို့ပြန်မေးတော့ ကျနော်တို့ဆီဆိုင်က ဆရာဝန်တွေဆို 92 ၁လီတာကို ၂၅၀ နဲ့ဈေးလျော့ပေးနေပါတယ်တဲ့ကိုယ်ကျေနပ်ပီတိတွေဖုံးပြီး မျက်ရည်တွေဘာတေဝဲပြီးပြုံးဖြီးဖြီးဖြစ်သွားတဲ့ မျက်နှာကို ဦးဇော်ဇော်ကြီးကိုမြင်စေချင်လိုက်တာ မင်္ဂလာသတင်းကောင်းလေး ထပ်မံ၍ပြောပါရစေခင်ဗျာ။…ကျန်းမာရေးဝန်ထမ်းများ၊ လူနာတင်ယာဉ်များနှင့် အခြားကူညီဆောင်ရွက်ပေးသူများ၊ Taxi များအတွက် Max Energy မှထပ်မံ၍ ဈေးနှုန်းလျှော့ချကာ အထူးဈေးနှုန်းဖြင့်…


စိတ်တိုလွန်းလို့ ထမင်းစားချိန်မှာ မစားဘဲ ရေးခဲ့တဲ့ မြန်မာ သူနာပြု ဆရာမလေးရဲ့ စာတစ်စောင်

ယခု သတင်းကို ( Yi Mon ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်ဒီ လူနာ က New York က လူနာပါ။ စာကို သေချာဖတ်ပြီးမှ ကိုယ့် ဦးနှောက် အဆင့်အတန်းကို ဝင်ပြကြပါ။ဒီ လူနာကို ကျွန်မ ပြုစုကုသပေးနေခဲ့ပါတယ်။လူနာက အသက် ၄၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး အသက် ၆ နှစ်နဲ့ ၁၀…


နှစ်ငါးဆယ်ကျော်အတွင်း အမြင့်မားဆုံးဖြစ်လာတဲ့ ရန်ကုန်မြို့ အပူချိန် စံချိန်သစ်

နွေရာသီကို ချည်းနင်းဝင်ရောက်လာခဲ့တာ လအနည်းငယ်ရှိပြီဖြစ်တဲ့အလျောက် အခုရက်ပိုင်းတွေမှာ မြန်မာတစ်နိုင်ငံလုံးရဲ့ ဒေသအနှံ့အပြားမှာ အပူချိန်ပြောင်းလွဲမှုတွေကို အနည်းနဲ့အများရင်ဆိုင်ကြုံတွေ့နေကြရမှာပါ။ အခုနောက်ပိုင်းနှစ်တွေမှာ နွေရာသီတွေဟာ ကြာရှည်လာပြီး ဆောင်းပျောက်လုခမန်းဖြစ်နေတာကိုလည်း အားလုံး သတိထားမိကြမယ်ထင်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာတဲ့ ရာသီဥတုကြောင့်လည်း အခြေခံလူတန်းစားတွေ၊ နေပူမရှောင်မိုးရွာမရှောင် အပြင်ထွက်အလုပ်လုပ်ရသူတွေနဲ့ ပြည်သူတွေအားလုံး ရာသီဥတုဒဏ်ကို ပြေးမလွတ်အောင် ခံနေကြရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးမီရက်ပိုင်းမှာ ထူးထူးခြားခြားပိုမိုပူပြင်းလာတာကို တော်တော်များများသတိထားမိကြပြီး ဒါဟာ မြန်မာ့ရိုးရာအတာသင်္ကြန်မကျင်းပလိုက်ရတာကြောင့်များလားလို့ အချို့က ထင်ကြေးပေးမှုတွေရှိခဲ့ပေမယ့် တကယ်တော့ အပူချိန်ပိုမိုပူပြင်းလာတာဟာ စိတ်ထင်တာမဟုတ်ပဲ…


Covid 19 ကြောင့်ထိုင်းလေယာဉ်မှူးတစ်ဦး အစားအသောက်ပို့ဆောင်သည့် အလုပ်လုပ်နေရ

အသက် ၄၉ နှစ်အရွယ်ရှိ ထိုင်းလေယာဉ်မှူး ကပ္ဗတိန် Thanun Khantatatbumroong သည် ယခုအချိန်တွင် အစားအသောက်များကို ဆိုင်ကယ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသည့် အလုပ်ကို လုပ်နေကြောင်း သူကိုယ်တိုင်က ဖွင့်ဟပြောကြားသည်။ သူသည် ယခင်က နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုတွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ ယခုအခါ COVID-19 ကူးစက်ပြန့်နှံ့မှုကြောင့် လေကြောင်းလိုင်းများ ရပ်တန့်ထားချိန်တွင် အစားအသောက်များ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသည့် အလုပ်ကို လုပ်ကိုင်နေရခြင်းဖြစ်သည်။ ပြီးခဲ့တဲ့လက ကျွန်တော့်လေကြောင်းလိုင်းက ကျွန်တော့်ကို…


COVID-19 ကို ရင်ဆိုင်ရာမှာ အမျိုးသားတွေရဲ့ ဝှေးစေ့ဟာ အားနည်းချက်ဖြစ်နေ

ကိုရိုနာဗိုင်းရပ်စ်ဟာ ဝှေးစေ့အတွင်းမှာ ပုန်းခိုနေထိုင်နိုင်ခြင်းကြောင့် အမျိုးသားတွေမှာ ပိုမိုရှည်ကြာပြီး ပိုမိုပြင်းထန်တဲ့ ဖျားနာမှုတွေ ဖြစ်ရလေ့ရှိကြောင်း လေ့လာမှုအသစ်များအရ သိရပါတယ်။COVID-19 ရဲ့ လိင်ခွဲခြားမှုကို လေ့လာနိုင်ဖို့ သုတေသနလေ့လာသူများတွေဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ပြန်လည် ကောင်းမွန်လာတဲ့ လူနာ ၆၈ ယောက်ကို ခြေရာခံ လေ့လာကြည့်တဲ့အခါ COVID-19 ဟာ အမျိုးသားတွေအပေါ်ပိုမိုဆိုးရွားကြောင်း MedRxix မှာ ဖော်ပြထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာ ကိုယ်ခံအားစနစ် သက်ရောက်နိုင်တဲ့ စွမ်းအား…


၉၀အရွယ်ဖိုးဖိုးနဲ့ ၈၅နှစ်အရွယ်ဖွားဖွား ကိုရိုနာဗိုင်းရပ်ကြောင့် အကြီးအကျယ်လက်ထပ်မည့် အစီအစဉ်ပျက်ပြား

အယ်လ်ဗင် လီ (၉၀နှစ်)နဲ့ ဒေါ်ရိုသီ ဒရစ်ကဲ (၈၅နှစ်)တို့နှစ်ဦးဟာ ဒီနွေဦးမှာ အကြီးအကျယ်လက်ထပ်ဖို့ ပြင်ဆင်ထားကြေပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါက သူတို့အကြံအစည်တွေကို ပျက်ပြားသွားစေခဲ့လို့ ထိုးထိုးထွင်းထွင်းစဉ်းစားပြီးတော့ ဗီဒီယိုတွေ့ဆုံမှုပလက်ဖောင်း Zoom ပေါ်မှာပဲ လက်ထပ်လိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ လီရဲ့ မြေးမက CBS News ကို ပြောကြားခဲ့ပါတယ်။လီဟာ သူ့ဇနီး ရာချယ်ကို လွန်ခဲ့တဲ့ ၁၁နှစ်က ဆုံးရှုံးလိုက်ရပြီး ဒရစ်ကဲကတော့ သူ့ခင်ပွန်းသည်ကို လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံးရှုံးလိုက်ရပါတယ်။…


ကိုဗစ်နဲ့ သေသူအလောင်းကို မိသားစုကိုယ်တိုင်သင်္ဂြိုလ်နေရတဲ့ အမေရိကန်ရဲ့အဖြစ် (အမေရိကန်ရောက် မြန်မာတစ်ဦး အတွေ့အကြုံ)

အမေရိကန် ဆန်ဖရန်စစ္စကိုက ကျွန်တော့် အိမ်ဘေးမှာ မနေ့က ကိုဗစ်ရောဂါနဲ့ လူတစ်ဦး သေဆုံးသွားပါတယ်။ ရဲတွေ မီးသတ်တွေ ရောက်လာတယ်။ လာကြည့်ပီးပြန်သွားတယ်။ သေတဲ့သူကို တင်တောင်မသွားဘူး။ မိသားစုက သူတိုဘာသာ ကားငှားပြီး စီစဉ် ရတယ်။ ပတ်ဝန်းကျင်ကို Lock Down လဲမလုပ်ဘူး။ အိမ်က လူတွေကို Quarantine လဲ မလုပ်ဘူး၊ ပတ်ဝန်းကျင်က လူတွေကထိတ်လန့် စိုးရိမ်နေကြတယ်။ ပိုးသတ်ဆေးလဲ လာမဖြန်းဘူး။ ဒါကြောင့်အမေရိကန်မှာ ကူးစက်နှုန်းမြန်တယ်ဆိုတာ…


ကပ်ရောဂါပျောက်တဲ့အထိရုံးပိတ်ထားပေးပြီး ဝန်ထမ်းတွေရဲ့လစာကိုတော့ပေးထားမယ်လို့ဆိုလိုက်တဲ့ ဂျွန်လွင်

အနုပညာလောကရဲ့ငွေကြယ်ပွင့်တွေကိုမွေးထုတ်ပေးတဲ့ Stars & Models Agency ကိုလူသိများကြပြီး ဂျွန်လွင်ကိုတော့ ဒီအေဂျင်စီရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်အနေနဲ့သိကြမှာပါ။ ဂျွန်လွင်ကတော့ အောင်မြင်တဲ့အနုပညာရှင်ကြယ်ပွင့်တွေကို မွေးထုတ်ပေးတဲ့သူတစ်ယောက်ဖြစ်သလို ပရဟတိတစိတ်ဓာတ်ကြောင့်လည်း လေးစားစရာကောင်းလွန်းတဲ့သူပါ။ လိုအပ်တဲ့နေရာတွေမှာမကြခဏလှူဒါန်းလေ့ရှိတဲ့ သူလည်း ဖြစ်ပါတယ်။ အခုလိုကပ်ရောဂါဆိုးကြီးကြောင့်လူတွေထိတ်လန့်နေရတဲ့အချိန်မှာ သူ့ရဲ့ပရဟိတစိတ်ဓာတ်က အလုပ်ထဲကဝန်ထမ်းတွေအပေါ်မှာလည်း ရှိတာကိုတွေ့ရမှာပါ။ ဂျွန်လွင်ကတော့“ငါcompany ကတော့April 20 မှဒီရောဂါပျောက်သည်အထိကမ္ဘာကြီးအေးချမ်းတဲ့နေ့ထိ ပိတ်ထားပါတယ်။လစာလဲပေးထားပါတယ်။ငါ့ ဝန်ထမ်းအားလုံး အိမ်မှာ stay home ပေါ့။ငါကတော့ ကိုယ့်company ဆိုတော့ ငါပဲလုပ်ပေါ့ထမင်းငတ်မယ်လေ”လို့ လည်းရေးသားထားတာပါ။…


တောင်အာဖရိကမှာ လူလိမ်များက ဆရာဝန်များယောင်ဆောင်ပြီး ဗိုင်းရပ်စ်များကပ်ငြိနေသည်ဟုဆိုကာ ငွေစက္ကူများကို လိုက်လံသိမ်းယူမူဖြစ်နေ

လူ လိမ်တွေက အိမ်တိုင်ရာရောက်လာပြီး နိုဘယ် ကိုရိုနာဗိုင်းရပ်စ်တွေ ကပ်ငြိပေကျံနေတယ်ဆိုပြီး ငွေစက္ကူတွေကို လာသိမ်းတာမျိုး ဖြစ်နိုင်တယ်လို့ တောင်အာဖရိကဗဟိုဘဏ်က နိုင်ငံသားတွေကို သတိပေးထားတယ်လို့ ဆိုပါတယ်။ တာဝန်လက်ပတ်တွေ ဝတ်ဆင်ထားတဲ့ ဒုစရိုက်သမားတွေဟာ အလိမ်ခံရသူတွေကို လက်ခံဖြတ်ပိုင်းအတုတွေပေးပြီး ဘယ်ဘဏ်မှာပဲဖြစ်ဖြစ် ဖြတ်ပိုင်းပြပြီး သန့်ရှင်းတဲ့ ငွေစက္ကူတွေနဲ့ လဲလှယ်နိုင်တယ်လို့ ပြောကြားတယ်လို့ ဆိုပါတယ်။ ဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ ဘယ်ငွေစက္ကူ (သို့မဟုတ်) ဒင်္ဂါးပြားကိုမှ ပြန်သိမ်းမှာမဟုတ်သလို၊ ညစ်ညမ်းနေနိုင်တဲ့ ဘယ်ငွေစက္ကူ၊ ဒင်္ဂါးပြားကိုမှလည်း…