လူၾကမ္းအျဖစ္သ႐ုပ္ေဆာင္ခဲ့လို႔ မုဒိမ္းေကာင္ႀကီး၊ႏွာဘူးေကာင္ႀကီးလို႔ ေခၚၿပီး မ်က္ႏွာကိုေဘာလုံးနဲ႔အေပါက္ခံရတဲ့ အေၾကာင္း ရင္ဖြင့္လာတဲ့ သ႐ုပ္ေဆာင္/ဒါ႐ိုက္တာ ဦးေဇာ္ထြန္း

႐ုပ္ရွင္သ႐ုပ္ေဆာင္ နဲ႔ ဒါ႐ိုက္တာ ေဇာ္ထြန္းကေတာ့ ဗီဒီယို ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့သူတစ္ဦးပါ ႐ုပ္ရွင္ထဲမွာ လူၾကမ္း သ႐ုပ္ေဆာင္ခဲ့ေပမယ့္ အျပင္မွာ ဦးေဇာ္ထြန္းဟာ လူၾကမ္းတစ္ဦးမဟုတ္ခဲ့ပါဘူး။ဦးေဇာ္ထြန္းဟာ လူၾကမ္းအျဖစ္သ႐ုပ္ေဆာင္ခဲ့ရာမွာ မုဒိမ္းေကာင္ ဇာတ္႐ုပ္ မ်ားကို အဓိကထားသ႐ုပ္ေဆာင္ခဲ့ရလို႔ ပရိသတ္ေတြရဲ႕ မုန္းတီးမႈကိုေတာက္ေလွ်ာက္ခံယူခဲရတယ္လို႔ ဆိုလာခဲ့တာပါ။

ဦးေဇာ္ထြန္းက ” “လူၾကမ္း သ႐ုပ္ေဆာင္ ကေန ဒါ႐ိုက္တာ လုပ္ခဲ့တာ ႏွစ္ (၂၀) ေက်ာ္ပါၿပီ။ အရင္က လူၾကမ္း သ႐ုပ္ေဆာင္ မွာေတာင္ လူယုတ္မာလို အခန္းေတြပဲ သ႐ုပ္ေဆာင္ခဲ့ရလို႔ မ်က္ႏွာကို ေဘာလုံး နဲ႔ ေပါက္ခံရတဲ့ အထိ လူမုန္း ခံခဲ့ရတယ္။ အမ်ားႀကီး မေအာင္ျမင္ခဲ့ေပမယ့္ ေအာင္ျမင္သေလာက္ကို ေက်နပ္ပါတယ္”လို႔ဆိုလာခဲ့တာျဖစ္ပါတယ္။သူ႔အေနနဲ႔ မုဒိမ္းက်င့္တဲ့အခန္းသ႐ုပ္ေဆာင္ခဲ့လို႔ အေမျဖစ္သူက ၾကည့္မိရာက အသက္ႀကီးမွ ဒီလိုအခန္းေတြမ႐ိုက္ဖို႔ အေျပာခံခဲ့ရတယ္လို႔ လည္းဆိုပါတယ္။

ဒါ႐ိုက္တာအျဖစ္ကူးေျပာင္းလုပ္ကိုင္ျဖစ္ပုံကိုလည္း ” က်ေနာ့ကို စၿပီး ဒါ႐ိုက္တာအျဖစ္လုပ္ပါလားလို႔ေျပာတာကေတာ့ ကိုေနထက္လင္းေပါ့။သူ႔ေၾကာင့္ ကြၽန္ေတာ္ ဒါ႐ိုက္တာျဖစ္လာခဲ့တာပါ။ဒီေနရာကေနပဲ သူ႔ကိုေက်းဇူးတင္ပါတယ္” လို႔ေျပာလာခဲ့တာ ျဖစ္ပါတယ္။ ကိုေဇာ္ထြန္းဟာ က်ရာေနရာက အၿမဲသ႐ုပ္ေဆာင္ေလ့ရွိတာေၾကာင့္ လူမုန္းခံခဲ့ရသလို မုဒိမ္းေကာင္ႀကီး၊ႏွာဘူးႀကီးလို႔ပါ အေျပာခံခဲ့ရေပမယ့္ သူ႔အေနနဲ႔ ဒါဟာသ႐ုပ္ေဆာင္ပီျပင္လို႔ လူေတြကအသိအမွတ္ျပဳတယ္လို႔ပဲ ခံယူပါတယ္လို႔ ဆိုလာခဲ့တာပါ။ဒါကေတာ့ လူၾကမ္းအျဖစ္သ႐ုပ္ေဆာင္ခဲ့လို႔ လူမုန္းခံခဲ့ရတဲ့ သ႐ုပ္ေဆာင္/ဒါ႐ိုက္တာ ဦးေဇာ္ထြန္းအေၾကာင္းတင္ဆက္ေပးခဲ့တာပဲျဖစ္ပါတယ္ ပရိသတ္ႀကီးေရ.ဦးေဇာ္ထြန္းအေပၚအျမင္ေလးကို ေျပာခဲ့ၾကပါအုန္းေနာ္။

Credit Shweyaungmyanmar

UNICODE

ရုပ်ရှင်သရုပ်ဆောင် နဲ့ ဒါရိုက်တာ ဇော်ထွန်းကတော့ ဗီဒီယို ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူတစ်ဦးပါ ရုပ်ရှင်ထဲမှာ လူကြမ်း သရုပ်ဆောင်ခဲ့ပေမယ့် အပြင်မှာ ဦးဇော်ထွန်းဟာ လူကြမ်းတစ်ဦးမဟုတ်ခဲ့ပါဘူး။ဦးဇော်ထွန်းဟာ လူကြမ်းအဖြစ်သရုပ်ဆောင်ခဲ့ရာမှာ မုဒိမ်းကောင် ဇာတ်ရုပ် များကို အဓိကထားသရုပ်ဆောင်ခဲ့ရလို့ ပရိသတ်တွေရဲ့ မုန်းတီးမှုကိုတောက်လျှောက်ခံယူခဲရတယ်လို့ ဆိုလာခဲ့တာပါ။

ဦးဇော်ထွန်းက ” “လူကြမ်း သရုပ်ဆောင် ကနေ ဒါရိုက်တာ လုပ်ခဲ့တာ နှစ် (၂၀) ကျော်ပါပြီ။ အရင်က လူကြမ်း သရုပ်ဆောင် မှာတောင် လူယုတ်မာလို အခန်းတွေပဲ သရုပ်ဆောင်ခဲ့ရလို့ မျက်နှာကို ဘောလုံး နဲ့ ပေါက်ခံရတဲ့ အထိ လူမုန်း ခံခဲ့ရတယ်။ အများကြီး မအောင်မြင်ခဲ့ပေမယ့် အောင်မြင်သလောက်ကို ကျေနပ်ပါတယ်”လို့ဆိုလာခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ မုဒိမ်းကျင့်တဲ့အခန်းသရုပ်ဆောင်ခဲ့လို့ အမေဖြစ်သူက ကြည့်မိရာက အသက်ကြီးမှ ဒီလိုအခန်းတွေမရိုက်ဖို့ အပြောခံခဲ့ရတယ်လို့ လည်းဆိုပါတယ်။

ဒါရိုက်တာအဖြစ်ကူးပြောင်းလုပ်ကိုင်ဖြစ်ပုံကိုလည်း ” ကျနော့ကို စပြီး ဒါရိုက်တာအဖြစ်လုပ်ပါလားလို့ပြောတာကတော့ ကိုနေထက်လင်းပေါ့။သူ့ကြောင့် ကျွန်တော် ဒါရိုက်တာဖြစ်လာခဲ့တာပါ။ဒီနေရာကနေပဲ သူ့ကိုကျေးဇူးတင်ပါတယ်” လို့ပြောလာခဲ့တာ ဖြစ်ပါတယ်။ ကိုဇော်ထွန်းဟာ ကျရာနေရာက အမြဲသရုပ်ဆောင်လေ့ရှိတာကြောင့် လူမုန်းခံခဲ့ရသလို မုဒိမ်းကောင်ကြီး၊နှာဘူးကြီးလို့ပါ အပြောခံခဲ့ရပေမယ့် သူ့အနေနဲ့ ဒါဟာသရုပ်ဆောင်ပီပြင်လို့ လူတွေကအသိအမှတ်ပြုတယ်လို့ပဲ ခံယူပါတယ်လို့ ဆိုလာခဲ့တာပါ။ဒါကတော့ လူကြမ်းအဖြစ်သရုပ်ဆောင်ခဲ့လို့ လူမုန်းခံခဲ့ရတဲ့ သရုပ်ဆောင်/ဒါရိုက်တာ ဦးဇော်ထွန်းအကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ.ဦးဇော်ထွန်းအပေါ်အမြင်လေးကို ပြောခဲ့ကြပါအုန်းနော်။

Credit Shweyaungmyanmar

Be the first to comment on "လူၾကမ္းအျဖစ္သ႐ုပ္ေဆာင္ခဲ့လို႔ မုဒိမ္းေကာင္ႀကီး၊ႏွာဘူးေကာင္ႀကီးလို႔ ေခၚၿပီး မ်က္ႏွာကိုေဘာလုံးနဲ႔အေပါက္ခံရတဲ့ အေၾကာင္း ရင္ဖြင့္လာတဲ့ သ႐ုပ္ေဆာင္/ဒါ႐ိုက္တာ ဦးေဇာ္ထြန္း"

Leave a comment

Your email address will not be published.


*