ပညာလို အိုသည္မရွိ၊ အသက္ ၉၆ ႏွစ္ေရာက္မွ တကၠသိုလ္တက္ခြင့္ရသူ

အီတလီႏိုင္ငံက အသက္ ၉၆ ႏွစ္အ႐ြယ္ အဘိုးအို ပက္နာတာႏိုဟာ တကၠသိုလ္ဝင္ခြင့္ ေအာင္ျမင္ခဲ့တာ​ေၾကာင့္ အသက္အႀကီးဆုံး တကၠသိုလ္ေက်ာင္းသား ျဖစ္လာခဲ့ပါတယ္။ အဘိုးပက္တာႏိုအေနနဲ႔ ပါလာမိုတကၠသိုလ္က သမိုင္းနဲ႔စိတ္ပညာဘြဲ႕ယူဖို႔ ဒီပလိုမာတန္းကို ေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အဘိုးဟာ စာေပဝါသနာပါေပမယ့္ ဘဝေပးအေျခအေနေၾကာင့္ တကၠသိုလ္ဝင္တန္းကို ခုမွေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ပက္တာႏိုဟာ ငယ္စဥ္က ရထားလမ္းအလုပ္သမားျဖစ္ၿပီး အဆင့္ျမင့္ပညာသင္ခ်င္ေပမယ့္ ဆင္းရဲမြဲေတမႈ၊ စစ္ပြဲေတြေၾကာင့္ ပညာကို ဆက္လက္မဆည္းဘူးႏိုင္ခဲ့ပါဘူး။ လက္ရွိကာလမွာလည္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ အခက္အခဲေပါင္းစုံ ႀကဳံေတြ႕ခဲ့ရသူျဖစ္ပါတယ္။ ဒါေပမယ့္ ပညာလိုခ်င္စိတ္ျပင္းျပလြန္းတာေၾကာင့္ ေနာက္ဆုံးမွာ တကၠသိုလ္ဝင္ခြင့္ ေအာင္ျမင္ခဲ့ပါတယ္။မီးရထားဝန္ထမ္းေဟာင္းႀကီး အဘိုးဘပက္တာႏိုရဲ႕ေအာင္ျမင္မႈကို တကၠသိုလ္က ဆရာ၊ ဆရာမေတြသာမက မိတ္ေဆြေတြကလည္း ခ်ီးက်ဴးခဲ့ၾကပါတယ္။

တကၠသိုလ္ဝင္တန္းေအာင္ျမင္ခဲ့တာေၾကာင့္ အဘိုးပက္တာႏိုဟာ လာမယ့္လအနည္းငယ္အတြင္း မိမိထက္ အသက္ ၇၀ ေလာက္ငယ္တဲ့လူငယ္ေတြနဲ႔ အၿပိဳင္ပညာသင္ၾကားခြင့္ရေတာ့မွာျဖစ္ပါတယ္။”အဘိုးက သာမန္လူတစ္ေယာက္ပါ။ ဒီလိုအသက္အ႐ြယ္မ်ိဳးမွာ ပညာသင္ၾကားခြင့္ရတာ အလြန္ကံေကာင္းပါတယ္။ ၂၀၁၇ ကတည္းက တကၠသိုလ္ဝင္တန္းေျဖဖို႔ျပင္ဆင္ထားတာပါ။ ေနာက္က်ေနေပမယ့္ ဘြဲ႕ရတဲ့အထိႀကိဳးစားသြားမွာပါ”လို႔ အဘိုးပက္တာႏိုက ေျပာခဲ့ပါတယ္။ ပညာလို အိုသည္မရွိဆိုတာကို အဘိုးပက္တာႏိုက ပုံေဖာ္ျပသခဲ့သူျဖစ္ပါတယ္။

Ref – CNA
Credit WE Media

UNICODE

အီတလီနိုင်ငံက အသက် ၉၆ နှစ်အရွယ် အဘိုးအို ပက်နာတာနိုဟာ တက္ကသိုလ်ဝင်ခွင့် အောင်မြင်ခဲ့တာကြောင့် အသက်အကြီးဆုံး တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ အဘိုးပက်တာနိုအနေနဲ့ ပါလာမိုတက္ကသိုလ်က သမိုင်းနဲ့စိတ်ပညာဘွဲ့ယူဖို့ ဒီပလိုမာတန်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဘိုးဟာ စာပေဝါသနာပါပေမယ့် ဘဝပေးအခြေအနေကြောင့် တက္ကသိုလ်ဝင်တန်းကို ခုမှအောင်မြင်ခဲ့တာဖြစ်ပါတယ်။

ပက်တာနိုဟာ ငယ်စဉ်က ရထားလမ်းအလုပ်သမားဖြစ်ပြီး အဆင့်မြင့်ပညာသင်ချင်ပေမယ့် ဆင်းရဲမွဲတေမှု၊ စစ်ပွဲတွေကြောင့် ပညာကို ဆက်လက်မဆည်းဘူးနိုင်ခဲ့ပါဘူး။ လက်ရှိကာလမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် အခက်အခဲပေါင်းစုံ ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် ပညာလိုချင်စိတ်ပြင်းပြလွန်းတာကြောင့် နောက်ဆုံးမှာ တက္ကသိုလ်ဝင်ခွင့် အောင်မြင်ခဲ့ပါတယ်။မီးရထားဝန်ထမ်းဟောင်းကြီး အဘိုးဘပက်တာနိုရဲ့အောင်မြင်မှုကို တက္ကသိုလ်က ဆရာ၊ ဆရာမတွေသာမက မိတ်ဆွေတွေကလည်း ချီးကျူးခဲ့ကြပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တာကြောင့် အဘိုးပက်တာနိုဟာ လာမယ့်လအနည်းငယ်အတွင်း မိမိထက် အသက် ၇၀ လောက်ငယ်တဲ့လူငယ်တွေနဲ့ အပြိုင်ပညာသင်ကြားခွင့်ရတော့မှာဖြစ်ပါတယ်။”အဘိုးက သာမန်လူတစ်ယောက်ပါ။ ဒီလိုအသက်အရွယ်မျိုးမှာ ပညာသင်ကြားခွင့်ရတာ အလွန်ကံကောင်းပါတယ်။ ၂၀၁၇ ကတည်းက တက္ကသိုလ်ဝင်တန်းဖြေဖို့ပြင်ဆင်ထားတာပါ။ နောက်ကျနေပေမယ့် ဘွဲ့ရတဲ့အထိကြိုးစားသွားမှာပါ”လို့ အဘိုးပက်တာနိုက ပြောခဲ့ပါတယ်။ ပညာလို အိုသည်မရှိဆိုတာကို အဘိုးပက်တာနိုက ပုံဖော်ပြသခဲ့သူဖြစ်ပါတယ်။

Ref – CNA
Credit WE Media

Be the first to comment on "ပညာလို အိုသည္မရွိ၊ အသက္ ၉၆ ႏွစ္ေရာက္မွ တကၠသိုလ္တက္ခြင့္ရသူ"

Leave a comment

Your email address will not be published.


*