ကားအသစ္အား မေကြးျမသလြန္ဘုရားႏွင့္ နယ္ပိုင္ မ်ားအား အပ္ႏွံၿပီးအျပန္ ျမစ္ထဲက်

ကားအသစ္ ေရာက္ရွိလာသည့္အတြက္ မေကြးၿမိဳ႕ ျမသလြန္ ဘုရားႏွင့္ နယ္ပိုင္ စသည္တို႔ကို ဦးတိုက္ၿပီးအျပန္ ယေန႔ ( ဩဂုတ္လ ၁ ရက္ ) နံနက္ ၄ နာရီဝန္းက်င္က ေခတၱရပ္နားထားစဥ္ Hand Brake မဆြဲမိသည့္အတြက္ ျမစ္ထဲ ထိုးက်သြားေၾကာင္း သိရသည္။

“ကားအသစ္ေရာက္လာတဲ့အတြက္ပိုင္ရာဆိုင္ရာေတြေစာင့္ေရွာက္ပါဆိုၿပီးေတာ့ကားကိုဒီနယ္ေျမေရာက္လာပါၿပီပိုင္ရာဆိုင္ရာေတြကိုဦးတိုက္တဲ့သေဘာပါ၊ကားကိုရပ္ၿပီးေတာ့ လူေတြကဆင္းသြားၿပီး အေပါ့သြားၾကတယ္လို႔ေျပာပါတယ္၊ကားကHand Brakeကို ဆြဲမထားေတာ့ ဂီယာဖရီးဆိုေတာ့ တစ္ျဖည္းျဖည္းလိမ့္ၿပီးျမစ္ထဲထိုးက်သြားတာပါ” ဟု မေကြးတိုင္း မီးသတ္ဦးစီးဌာနမွၫႊန္ ၾကားေရးမႉး ဦးေအာင္ဝင္းစိန္ကေျပာသည္။

မေကြးၿမိဳ႕နယ္၊နကပ္ကြၽန္းေက်း႐ြာအုပ္စု၊ကြၽန္းစုေက်း႐ြာအနီး ယာဥ္ေမာင္းကိုေက်ာ္သူျမင့္ ေမာင္းႏွင္ၿပီး ကိုသီဟ လိုက္ပါလာေသာ ABC Telecom ပိုင္(6Q-1946)FORDအျဖဴေရာင္ ေမာ္ေတာ္ယာဥ္သည္ ျမသလြန္ဘုရားဦးတိုက္၍အဆင္းလမ္းအတိုင္းေမာင္းႏွင္လာရာမွ ေခတၱရပ္နားစဥ္Hand Brakeမဆြဲမိဘဲအရွိန္လြန္၍လမ္းဝဲဘက္ရွိတာ႐ိုးေပၚမွ တစ္ဆင့္ဧရာဝတီျမစ္ေရ အနက္(၁၀)ေပခန႔္သို႔ ထိုးက်သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပုံ – မေကြးမီးသတ္
Credit Red News Agency

UNICODE

ကားအသစ် ရောက်ရှိလာသည့်အတွက် မကွေးမြို့ မြသလွန် ဘုရားနှင့် နယ်ပိုင် စသည်တို့ကို ဦးတိုက်ပြီးအပြန် ယနေ့ ( ဩဂုတ်လ ၁ ရက် ) နံနက် ၄ နာရီဝန်းကျင်က ခေတ္တရပ်နားထားစဉ် Hand Brake မဆွဲမိသည့်အတွက် မြစ်ထဲ ထိုးကျသွားကြောင်း သိရသည်။

“ကားအသစ်ရောက်လာတဲ့အတွက်ပိုင်ရာဆိုင်ရာတွေစောင့်ရှောက်ပါဆိုပြီးတော့ကားကိုဒီနယ်မြေရောက်လာပါပြီပိုင်ရာဆိုင်ရာတွေကိုဦးတိုက်တဲ့သဘောပါ၊ကားကိုရပ်ပြီးတော့ လူတွေကဆင်းသွားပြီး အပေါ့သွားကြတယ်လို့ပြောပါတယ်၊ကားကHand Brakeကို ဆွဲမထားတော့ ဂီယာဖရီးဆိုတော့ တစ်ဖြည်းဖြည်းလိမ့်ပြီးမြစ်ထဲထိုးကျသွားတာပါ” ဟု မကွေးတိုင်း မီးသတ်ဦးစီးဌာနမှညွှန် ကြားရေးမှူး ဦးအောင်ဝင်းစိန်ကပြောသည်။

မကွေးမြို့နယ်၊နကပ်ကျွန်းကျေးရွာအုပ်စု၊ကျွန်းစုကျေးရွာအနီး ယာဉ်မောင်းကိုကျော်သူမြင့် မောင်းနှင်ပြီး ကိုသီဟ လိုက်ပါလာသော ABC Telecom ပိုင်(6Q-1946)FORDအဖြူရောင် မော်တော်ယာဉ်သည် မြသလွန်ဘုရားဦးတိုက်၍အဆင်းလမ်းအတိုင်းမောင်းနှင်လာရာမှ ခေတ္တရပ်နားစဉ်Hand Brakeမဆွဲမိဘဲအရှိန်လွန်၍လမ်းဝဲဘက်ရှိတာရိုးပေါ်မှ တစ်ဆင့်ဧရာဝတီမြစ်ရေ အနက်(၁၀)ပေခန့်သို့ ထိုးကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – မကွေးမီးသတ်
Credit Red News Agency

Be the first to comment on "ကားအသစ္အား မေကြးျမသလြန္ဘုရားႏွင့္ နယ္ပိုင္ မ်ားအား အပ္ႏွံၿပီးအျပန္ ျမစ္ထဲက်"

Leave a comment

Your email address will not be published.


*