ကမ္းေျခလာလည္တဲ့သူေတြကို တိုင္းအစိုးရကကူးစက္ဥပေဒနဲ႔အေရးယူမည္

ေခ်ာင္းသာနဲ႔ေငြေဆာင္အပါအဝင္ ဧရာဝတီတိုင္းမွာရွိတဲ့ကမ္းေျခေတြဆီ လာေရာက္လည္ပတ္သူအားလုံးကို ကူးစက္ေရာဂါကာကြယ္ႏွိမ္ႏွင္းေရးဥပေဒနဲ႔ အေရးယူသြားမယ္လို႔ ဧရာဝတီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ စည္ပင္ဝန္ႀကီး ဦးေက်ာ္ျမင့္က ေျပာပါတယ္။မနက္ဖန္ ဇူလိုင္လ(၃၁) ရက္ေန႔ကေန ၾသဂုတ္လ(၃) ရက္ေန႔အထိ ပိတ္ရက္ျဖစ္တာေၾကာင့္ ကမ္းေျခေတြအပါအဝင္ ဘုရားဖူးအစီအစဥ္ေတြနဲ႔ အလည္အပတ္သြားေရာက္ၾကဖို႔ စီစဥ္ထားၾကသူေတြမ်ားတာေၾကာင့္ အခုလို သတိေပးလိုက္တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔က ကမ္းေျခေတြျပန္ဖြင့္ႏိုင္ဖို႔ အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီကိုတင္ျပထားတယ္ အခုထိေတာ့ အေၾကာင္းျပန္ၾကားလာတာမရွိေသးတာေၾကာင့္ ျပန္ဖြင့္ဖို႔ခြင့္ျပဳမိန႔္မက်ေသးတဲ့ကာလမွာ လာလို႔မရဘူးေပါ့ဗ်ာ။ ဟိုတယ္ေတြကလည္းလက္ခံလို႔မရဘူး အဲတာေတြကိုေတာ့ မလိုက္နာရင္အေရးယူရမယ့္အေနအထားေပါ့ဗ်ာ။”လို႔ ဧရာဝတီတိုင္း ေဒသႀကီးအစိုးရအဖြဲ႕ စည္ပင္ဝန္ႀကီးဦးေက်ာ္ျမင့္က ေျပာပါတယ္။

အခုအခ်ိန္မွာေတာ့ ေခ်ာင္းသာကမ္းေျခနဲ႔ေငြေဆာင္ကမ္းေျခတို႔ကို လာေရာက္လည္ပတ္သူတခ်ိဳ႕ရွိေနၿပီး ခြင့္ျပဳမိန႔္မရဘဲျပန္ဖြင့္ေနတဲ့ ဟိုတယ္တခ်ိဳ႕လည္းရွိႏိုင္တယ္လို႔ သူကေျပာပါတယ္။ဧရာဝတီတိုင္းေဒသႀကီးထဲမွာရွိတဲ့ အမ်ားျပည္သူေတြလာေရာက္ အပန္းေျဖေလ့လာမႈေတြ ျပဳလုပ္ေလ့ရွိတဲ့ေဒသေတြကို ၿပီးခဲ့တဲ့မတ္လကတည္းကစၿပီးပိတ္ထားဖို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ထုတ္ျပန္ခဲ့တာပါ။

Credit O Media

UNICODE

ချောင်းသာနဲ့ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းမှာရှိတဲ့ကမ်းခြေတွေဆီ လာရောက်လည်ပတ်သူအားလုံးကို ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။မနက်ဖန် ဇူလိုင်လ(၃၁) ရက်နေ့ကနေ သြဂုတ်လ(၃) ရက်နေ့အထိ ပိတ်ရက်ဖြစ်တာကြောင့် ကမ်းခြေတွေအပါအဝင် ဘုရားဖူးအစီအစဉ်တွေနဲ့ အလည်အပတ်သွားရောက်ကြဖို့ စီစဉ်ထားကြသူတွေများတာကြောင့် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့က ကမ်းခြေတွေပြန်ဖွင့်နိုင်ဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီကိုတင်ပြထားတယ် အခုထိတော့ အကြောင်းပြန်ကြားလာတာမရှိသေးတာကြောင့် ပြန်ဖွင့်ဖို့ခွင့်ပြုမိန့်မကျသေးတဲ့ကာလမှာ လာလို့မရဘူးပေါ့ဗျာ။ ဟိုတယ်တွေကလည်းလက်ခံလို့မရဘူး အဲတာတွေကိုတော့ မလိုက်နာရင်အရေးယူရမယ့်အနေအထားပေါ့ဗျာ။”လို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဦးကျော်မြင့်က ပြောပါတယ်။

အခုအချိန်မှာတော့ ချောင်းသာကမ်းခြေနဲ့ငွေဆောင်ကမ်းခြေတို့ကို လာရောက်လည်ပတ်သူတချို့ရှိနေပြီး ခွင့်ပြုမိန့်မရဘဲပြန်ဖွင့်နေတဲ့ ဟိုတယ်တချို့လည်းရှိနိုင်တယ်လို့ သူကပြောပါတယ်။ဧရာဝတီတိုင်းဒေသကြီးထဲမှာရှိတဲ့ အများပြည်သူတွေလာရောက် အပန်းဖြေလေ့လာမှုတွေ ပြုလုပ်လေ့ရှိတဲ့ဒေသတွေကို ပြီးခဲ့တဲ့မတ်လကတည်းကစပြီးပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

Credit O Media

Be the first to comment on "ကမ္းေျခလာလည္တဲ့သူေတြကို တိုင္းအစိုးရကကူးစက္ဥပေဒနဲ႔အေရးယူမည္"

Leave a comment

Your email address will not be published.


*