မီးမီးခဲကြယ္လြန္သြားၿပီဆိုၿပီး လူမႈကြန္ယက္မွာ သတင္းမွားဖြသူအေပၚ တံု့ျပန္ေျပာဆိုလာ တဲ့ မီးမီးခဲရဲ႕ ခင္ပြန္း

အဆိုေတာ္ မီးမီးခဲကေတာ့ သူမရဲ႕ ကင္ဆာေရာဂါေဝဒနာကို ကုသမႈခံယူေနဆဲအခ်ိန္မွာတင္ စိတ္အေႏွာင့္အယွက္ျဖစ္စရာကိစၥေတြနဲ႔ ႀကဳံဆုံခဲ့ရပါေသးတယ္။ အဲ့ဒါကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လ (၂၆) ရက္ေန႔ ညပိုင္းက မီးမီးခဲတစ္ေယာက္ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီဆိုၿပီး သတင္းမွားေတြ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ခဲ့တာပဲ ျဖစ္ပါတယ္။ထိုသတင္းနဲ႔ ပတ္သက္ၿပီး မီးမီးခဲတို႔ တစ္မိသားစုလုံးက ေတာ္ေတာ္ေလး စိတ္ထိခိုက္ရၿပီး ေျဖရွင္းမႈေတြျပဳလုပ္ခဲ့ရပါတယ္။ မီးမီးခဲရဲ႕ ခင္ပြန္းျဖစ္သူကေတာ့ ဒီသတင္းနဲ႔ ပတ္သက္ၿပီး အရမ္းကို စိတ္ပ်က္ခဲ့ရေၾကာင္း အခုလိုပဲေျပာထားပါတယ္။

“ၿပီးခဲ့တဲ့ ဇူလိုင္လ (၂၆) ရက္ေန႔တုန္းက ကြၽန္ေတာ့္ဇနီးနဲ႔ ပက္သတ္ၿပီး မယုံၾကည္ႏိုင္ေလာက္စရာေကာင္းတဲ့ သတင္းမွားေတြ တက္လာခဲ့တယ္။ အဲ့ဒီသတင္းေတြက မီးမီးခဲတစ္ေယာက္ ျပန္လည္သက္သာလာဖို႔ ကုသမႈေတြ လုပ္ေနစဥ္အခ်ိန္မွာ ကြၽန္ေတာ္တို႔မိသားစုအတြက္ မလိုလားအပ္တဲ့ စိတ္ဖိစီးမႈေတြကို ျဖစ္ေစခဲ့ပါတယ္။ မမွန္ကန္တဲ့ သတင္းတစ္ခုကို ေျဖရွင္းေနရတဲ့ ကြၽန္ေတာ္တို႔အျဖစ္ကို စဥ္းစားၾကည့္ပါ။ ဘယ္လိုလူမ်ိဳးျဖစ္ျဖစ္ ဒါကလြယ္ကူတဲ့အေျခအေနမဟုတ္ဘူးမလား”

“ကြၽန္ေတာ္နားမလည္တာက အဲ့ဒီသတင္းအမွားကို စတင္တဲ့သူက သူ႔စိတ္ထဲမွာ ဘယ္လိုရည္႐ြယ္ခ်က္ရွိလဲဆိုတာေတာ့ မသိဘူး။ သူလုပ္တဲ့ လုပ္ရက္ကေတာ့ သူ႔ရဲ႕မိသားစုအတြက္ အရွက္ရစရာကိစၥျဖစ္ေစၿပီး ဘယ္သူ႔ ဘယ္သူအတြက္မွ ေကာင္းက်ိဳးေတြျဖစ္မလာေစတာေတာ့ အေသအခ်ာပဲ။ မီဒီယာကို အသုံးခ်ၿပီး သတင္းမွားေတြဖြတဲ့ သူကေတာ့ သူ႔အဆင့္အတန္းကိုသူ သက္ေသျပသြားတာပါပဲ။ မမွန္ကန္တဲ့ လုပ္ရပ္ကိုလုပ္ၿပီး မင္းဘယ္သူလဲဆိုတာကိုေတာင္ ျပဖို႔သတၱိမရွိရင္ ေအာင္ျမင္ဖို႔ဆိုတာ အေဝးႀကီးပါပဲ။”

“ကြၽန္ေတာ့္ဇနီးက အရမ္းသန္မာၿပီး ဘယ္အရာကမွ သူကိုၿပိဳလဲသြားေအာင္ မလုပ္ႏိုင္ဘူးဗ်။ ကၽြန္ေတာ္ဇနီးအတြက္ ဆုေတာင္းေပးၾကတဲ့သူအားလုံးကို ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။ ၿပီးေတာ့ ဘယ္လိုနည္းနဲ႔မဆို ပံ့ပိုးကူညီေပးခဲ့တဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္ ။ ဒီလိုအခ်ိန္မွာ ေခၚသမွ်ဖုန္းေတြ၊ စာတိုေတြကို ျပန္လည္မေျဖၾကားနိုင္ေသးတဲ့အတြက္ ေတာင္းပန္ပါတယ္။ လူမႈကြန္ယက္ေပၚမွာ အျပဳသေဘာေဆာင္တဲ့ ပို႔စ္ေတြကို မွ်ေဝေပးၾကတာကို ေက်းဇူးတင္ပါတယ္။ MMK ပရိတ္သတ္မ်ားအားလုံးကို ဘုရားေကာင္းခ်ီးေပးပါေစ ” ဆိုျပီး ေျပာထားပါတယ္။

မီးမီးခဲကေတာ့ လက္ရိွမွာ သူမရဲ့ က်န္းမာေရးအေျခအေနကို ဆက္လက္ကုသမႈခံယူေနဆဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း သတင္းမွားေတြကို ခ်င့္ခ်ိန္ယံုၾကျပီး မီးမီးခဲတစ္ေယာက္ အျမန္ဆံုးသက္သာလာဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းလိုက္ပါတယ္ေနာ္။

Source: Brice Mee Mee Khel’s fb
Credit – Cele Connections

UNICODE

အဆိုတော် မီးမီးခဲကတော့ သူမရဲ့ ကင်ဆာရောဂါဝေဒနာကို ကုသမှုခံယူနေဆဲအချိန်မှာတင် စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတွေနဲ့ ကြုံဆုံခဲ့ရပါသေးတယ်။ အဲ့ဒါကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၆) ရက်နေ့ ညပိုင်းက မီးမီးခဲတစ်ယောက် ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဆိုပြီး သတင်းမှားတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာပဲ ဖြစ်ပါတယ်။ထိုသတင်းနဲ့ ပတ်သက်ပြီး မီးမီးခဲတို့ တစ်မိသားစုလုံးက တော်တော်လေး စိတ်ထိခိုက်ရပြီး ဖြေရှင်းမှုတွေပြုလုပ်ခဲ့ရပါတယ်။ မီးမီးခဲရဲ့ ခင်ပွန်းဖြစ်သူကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်ပျက်ခဲ့ရကြောင်း အခုလိုပဲပြောထားပါတယ်။

“ပြီးခဲ့တဲ့ ဇူလိုင်လ (၂၆) ရက်နေ့တုန်းက ကျွန်တော့်ဇနီးနဲ့ ပက်သတ်ပြီး မယုံကြည်နိုင်လောက်စရာကောင်းတဲ့ သတင်းမှားတွေ တက်လာခဲ့တယ်။ အဲ့ဒီသတင်းတွေက မီးမီးခဲတစ်ယောက် ပြန်လည်သက်သာလာဖို့ ကုသမှုတွေ လုပ်နေစဉ်အချိန်မှာ ကျွန်တော်တို့မိသားစုအတွက် မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေကို ဖြစ်စေခဲ့ပါတယ်။ မမှန်ကန်တဲ့ သတင်းတစ်ခုကို ဖြေရှင်းနေရတဲ့ ကျွန်တော်တို့အဖြစ်ကို စဉ်းစားကြည့်ပါ။ ဘယ်လိုလူမျိုးဖြစ်ဖြစ် ဒါကလွယ်ကူတဲ့အခြေအနေမဟုတ်ဘူးမလား”

“ကျွန်တော်နားမလည်တာက အဲ့ဒီသတင်းအမှားကို စတင်တဲ့သူက သူ့စိတ်ထဲမှာ ဘယ်လိုရည်ရွယ်ချက်ရှိလဲဆိုတာတော့ မသိဘူး။ သူလုပ်တဲ့ လုပ်ရက်ကတော့ သူ့ရဲ့မိသားစုအတွက် အရှက်ရစရာကိစ္စဖြစ်စေပြီး ဘယ်သူ့ ဘယ်သူအတွက်မှ ကောင်းကျိုးတွေဖြစ်မလာစေတာတော့ အသေအချာပဲ။ မီဒီယာကို အသုံးချပြီး သတင်းမှားတွေဖွတဲ့ သူကတော့ သူ့အဆင့်အတန်းကိုသူ သက်သေပြသွားတာပါပဲ။ မမှန်ကန်တဲ့ လုပ်ရပ်ကိုလုပ်ပြီး မင်းဘယ်သူလဲဆိုတာကိုတောင် ပြဖို့သတ္တိမရှိရင် အောင်မြင်ဖို့ဆိုတာ အဝေးကြီးပါပဲ။”

“ကျွန်တော့်ဇနီးက အရမ်းသန်မာပြီး ဘယ်အရာကမှ သူကိုပြိုလဲသွားအောင် မလုပ်နိုင်ဘူးဗျ။ ကျွန်တော်ဇနီးအတွက် ဆုတောင်းပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပြီးတော့ ဘယ်လိုနည်းနဲ့မဆို ပံ့ပိုးကူညီပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ။ ဒီလိုအချိန်မှာ ခေါ်သမျှဖုန်းတွေ၊ စာတိုတွေကို ပြန်လည်မဖြေကြားနိုင်သေးတဲ့အတွက် တောင်းပန်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ အပြုသဘောဆောင်တဲ့ ပို့စ်တွေကို မျှဝေပေးကြတာကို ကျေးဇူးတင်ပါတယ်။ MMK ပရိတ်သတ်များအားလုံးကို ဘုရားကောင်းချီးပေးပါစေ ” ဆိုပြီး ပြောထားပါတယ်။

မီးမီးခဲကတော့ လက်ရှိမှာ သူမရဲ့ ကျန်းမာရေးအခြေအနေကို ဆက်လက်ကုသမှုခံယူနေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သတင်းမှားတွေကို ချင့်ချိန်ယုံကြပြီး မီးမီးခဲတစ်ယောက် အမြန်ဆုံးသက်သာလာဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Source: Brice Mee Mee Khel’s fb
Credit – Cele Connections

Be the first to comment on "မီးမီးခဲကြယ္လြန္သြားၿပီဆိုၿပီး လူမႈကြန္ယက္မွာ သတင္းမွားဖြသူအေပၚ တံု့ျပန္ေျပာဆိုလာ တဲ့ မီးမီးခဲရဲ႕ ခင္ပြန္း"

Leave a comment

Your email address will not be published.


*