မလိုအပ် ပဲ ပိုက်ဆံတွေ ဖြုန်းခဲ့မိ တာကြောင့် လက်ထဲမှာ အခု ဆို ငွေ(၁)သိန်းတောင် မ ရှိတော့ဘူးဆိုတဲ့ နေဒွေး





UNICODE

နေဒွေးကေ တာ့ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးရင်း မြို့ပရိသတ်၊ နယ်ပရိသတ်ပေါင်းစုံရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူ ဖြစ်ပါတယ်။ နေဒွေးက အနုပညာအလုပ်တွေကိုလည်း အားသွန်ခွန်စိုက်လုပ်ကိုင်နေသလို သူတို့ မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်းဦးဆောင်လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

နေဒွေးကတော့ အလုပ်တွေ ဘယ်လောက်များများ သူတန်ဖိုးထားတဲ့ ပရိသတ်တစ်ယောက်ချင်းစီအတွက် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ နိုင်ငံကျော်မင်းသားတစ်ယောက်ဖြစ်ပေမယ့် မိခင်ရဲ့ ကောင်းမွန်တည့်မတ်တဲ့အုပ်ထိန်းမှုအောက်မှာရှိတဲ့ နေဒွေးက သူကိုယ်တိုင် ဝင်ငွေများစွာကို ရှာနိုင်ပေမယ့်

အရင်က မလိုအပ်ပဲ ဖြုန်းတီးမိခဲ့တဲ့ ပိုက်ဆံတွေကြောင့် အခုချိန်မှာ ပြင်ဆင်နေထိုင်နေပြီပဲ ဖြစ်ပါတယ်။ နေဒွေးက သူအပိုဖြုန်းတီးခဲ့မိတဲ့ ပိုက်ဆံတွေကြောင့် “ခုဆို ငွေတစ်သိန်းတောင်မကိုင်တော့ဘူး။ မေမေ့ကိုကြောက်လို့” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။ နေဒွေးကတော့ အမှားကိုသိပြီး အမှန်ကို ပြင်ဆင်နိုင်တဲ့ ယောကျာ်းကောင်းတစ်ယောက်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Credit Celeconnections

Be the first to comment on "မလိုအပ် ပဲ ပိုက်ဆံတွေ ဖြုန်းခဲ့မိ တာကြောင့် လက်ထဲမှာ အခု ဆို ငွေ(၁)သိန်းတောင် မ ရှိတော့ဘူးဆိုတဲ့ နေဒွေး"

Leave a comment

Your email address will not be published.


*