“အနုပညာအလုပ်တွေကို(၃)နှစ်ထိတောင်ရပ်နားထားရတဲ့ လူရွှင်တော်ဦးချစ်စရာနဲ့အတူ ကြော်ငြာရိုက်ကူးရေးကန်တော့ခွင့်ရလို့ ဝမ်းသာပီတိဖြစ်မိတယ်ဆိုတဲ့ဖြူဖြူထွေး”





UNICODE

Tik Tokဆယ်လီအဖြစ်အောင်မြင်ကျော်ကြားလာပြီး အနုပညာလောကထဲသို့ဝင်ရောက်လာတဲ့ ဖြူဖြူထွေးကို ပရိသတ်တွေကချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဖြူဖြူထွေးကတော့ ကိုယ်တိုင်ဇာတ်ညွှန်းတွေကိုရေးစပ်ပြီး ကိုယ်တိုင်ရိုက်ကူးလေ့ရှိတာကြောင့် ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျကာ အောင်မြင်လာတဲ့သူတစ်ဦးပါပဲနော်။ သူမက စိတ်ကောင်းစေတနာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

သူမရဲ့ချွေးနှဲစာလေးနဲ့ လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက်လေးတွေလှူဒါန်းပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ ဒီနေ့မှလည်း ဖြူဖြူထွေးက”အနုပညာအလုပ် (၃) နှစ်နားနေတဲ့ ဦးခ်စ္စရာကို ကြော်ငြာအတူရိုက်ခွင့်ရလို့ ပီတိဖြစ်မိလို့ဆိုပြီး လူရွှင်တော်ချစ်စရာနဲ့အတူကြော်ငြာရိုက်ရင်း လိုအပ်တာလေးနဲ့ကန်တော့ခဲ့တဲ့ပုံရိပ်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ဖြူဖြူထွေးက လူရွှင်တော်ချစ်စရာနဲ့အတူ တစ်ခြားအရံသမားတွေနဲ့ပါ လှူဖွယ်ပစ္စည်းတွေနဲ့ကန်တော့ခဲ့တဲ့ပုံရိပ်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Soure….Phyu Phyu Htwe’s Facebook
Credit CeleConnections

Be the first to comment on "“အနုပညာအလုပ်တွေကို(၃)နှစ်ထိတောင်ရပ်နားထားရတဲ့ လူရွှင်တော်ဦးချစ်စရာနဲ့အတူ ကြော်ငြာရိုက်ကူးရေးကန်တော့ခွင့်ရလို့ ဝမ်းသာပီတိဖြစ်မိတယ်ဆိုတဲ့ဖြူဖြူထွေး”"

Leave a comment

Your email address will not be published.


*