မိခင္ျဖစ္သူကို သတ္သြားသူေတြကို မနည္းေဖာ္ထုတ္ခဲ့ရတဲ့ အေၾကာင္း ဝမ္းနည္းမ်က္ရည္ေတြနဲ႔ ျပန္ေျပာင္းေျပာျပလာတဲ့ သ႐ုပ္ေဆာင္ ေဆာင္းအိေျႏၵထြန္း

မမေဆာင္းနာမည္နဲ႔ လူမႈကြန္ယက္မွာပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားတဲ့ သ႐ုပ္ေဆာင္ မင္းသမီး ေဆာင္းအိေျႏၵထြန္းကေတာ့ ဇာတ္ကားမ်ားစြာကို ႐ိုက္ကူးသ႐ုပ္ေဆာင္ၿပီး အားေပးတဲ့ပရိတ္သတ္ အခိုင္အမာ ရရွိထားတဲ့သူလည္း ျဖစ္ပါတယ္။မီဒီယာမ်ားနဲ႔ေတြ႕ဆုံလွ်င္လည္း ဟန္ေဆာင္မႈကင္းၿပီး ဒဲ့ဒိုးေျပာဆိုတတ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကို ရရွိထားသူတစ္ဦးပါ။

အလႉေရစက္နဲ႔လက္နဲ႔မကြာရွိတတ္တဲ့ သူမဟာ လိုအပ္တဲ့ေနရာမ်ားမွာလႉဒါန္းရာမွာ လက္မတြံ႕တတ္သူျဖစ္ၿပီးဒီလို လႉဒါန္းတာဟာ ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ သူမမိခင္နဲ႔ အကိုေတြကို ရည္စူးၿပီး လႉဒါန္းတတ္တာျဖစ္တယ္လို႔ေျပာဆိုလာခဲ့ပါတယ္။ဒါ့အျပင္သူမမိခင္ဟာလည္း အသတ္ခံရသလို ေသဆုံးခဲ့ရတာျဖစ္ၿပီး သတ္သြားသူကိုလည္း သူမအေနနဲ႔ မနည္းေဖာ္ထုတ္ခဲ့ရတယ္လို႔ဆိုပါတယ္။

“ေမေမ ဆုံးပါးသြားတာကလည္း သူမ်ားက အေမ့ကို သတ္သြားတဲ့ ပုံစံမ်ိဳး ျဖစ္ေနေတာ့ အမ ေတာ္ေတာ္ စိတ္မေကာင္းဘူး။ အေမ့ကို ရက္ရက္စက္စက္သတ္သြားတဲ့သူေတြကို အမ မနည္း ေဖာ္ထုတ္လိုက္ရတယ္။အခ်ိန္မတန္ခင္ ေႂကြလြင္သြားခဲ့တာပါ” လု႔ိေဆာင္းအိေျႏၵထြန္းက ဝမ္းနည္းမ်က္ရည္ေတြနဲ႔ဆို ဆိုလာခဲ့တာပါ။မိခင္ျဖစ္သူနဲ႔ အကိုေတြဆုံးရႈံးလိုက္ရၿပီးမွာ အေမြေတြရလိုက္ေပမယ့္ သူမအေနနဲ႔ မိခင္ျဖစ္သူကိုပဲ ျပန္လိုခ်င္မိၿပီး အားလုံးကို စြန္႔လႊတ္ႏိုင္တယ္လို႔လည္း ဝမ္းနည္းစြာနဲ႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ဒါကေတာ့ ေဆာင္းအိေျႏၵထြန္းရဲ႕ ဝမ္းနည္းစရာ အျဖစ္အပ်က္ေလးေတြကို ျပန္လည္မွ်ေဝေပးခဲ့တာပဲျဖစ္ပါတယ္ေနာ္။အားလုံးပဲ ေဆာင္းအိေျႏၵထြန္းအတြက္ ဝမ္းနည္းစကားေလး ေျပာေပးခဲ့ၾကပါအုန္းေနာ္။

Credit ShweYaungMyanmar

UNICODE

မမဆောင်းနာမည်နဲ့ လူမှုကွန်ယက်မှာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် မင်းသမီး ဆောင်းအိန္ဒြေထွန်းကတော့ ဇာတ်ကားများစွာကို ရိုက်ကူးသရုပ်ဆောင်ပြီး အားပေးတဲ့ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။မီဒီယာများနဲ့တွေ့ဆုံလျှင်လည်း ဟန်ဆောင်မှုကင်းပြီး ဒဲ့ဒိုးပြောဆိုတတ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရရှိထားသူတစ်ဦးပါ။

အလှူရေစက်နဲ့လက်နဲ့မကွာရှိတတ်တဲ့ သူမဟာ လိုအပ်တဲ့နေရာများမှာလှူဒါန်းရာမှာ လက်မတွံ့တတ်သူဖြစ်ပြီးဒီလို လှူဒါန်းတာဟာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သူမမိခင်နဲ့ အကိုတွေကို ရည်စူးပြီး လှူဒါန်းတတ်တာဖြစ်တယ်လို့ပြောဆိုလာခဲ့ပါတယ်။ဒါ့အပြင်သူမမိခင်ဟာလည်း အသတ်ခံရသလို သေဆုံးခဲ့ရတာဖြစ်ပြီး သတ်သွားသူကိုလည်း သူမအနေနဲ့ မနည်းဖော်ထုတ်ခဲ့ရတယ်လို့ဆိုပါတယ်။

“မေမေ ဆုံးပါးသွားတာကလည်း သူများက အမေ့ကို သတ်သွားတဲ့ ပုံစံမျိုး ဖြစ်နေတော့ အမ တော်တော် စိတ်မကောင်းဘူး။ အမေ့ကို ရက်ရက်စက်စက်သတ်သွားတဲ့သူတွေကို အမ မနည်း ဖော်ထုတ်လိုက်ရတယ်။အချိန်မတန်ခင် ကြွေလွင်သွားခဲ့တာပါ” လု့ိဆောင်းအိန္ဒြေထွန်းက ဝမ်းနည်းမျက်ရည်တွေနဲ့ဆို ဆိုလာခဲ့တာပါ။မိခင်ဖြစ်သူနဲ့ အကိုတွေဆုံးရှုံးလိုက်ရပြီးမှာ အမွေတွေရလိုက်ပေမယ့် သူမအနေနဲ့ မိခင်ဖြစ်သူကိုပဲ ပြန်လိုချင်မိပြီး အားလုံးကို စွန့်လွှတ်နိုင်တယ်လို့လည်း ဝမ်းနည်းစွာနဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါကတော့ ဆောင်းအိန္ဒြေထွန်းရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်လေးတွေကို ပြန်လည်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်နော်။အားလုံးပဲ ဆောင်းအိန္ဒြေထွန်းအတွက် ဝမ်းနည်းစကားလေး ပြောပေးခဲ့ကြပါအုန်းနော်။

Credit ShweYaungMyanmar

Be the first to comment on "မိခင္ျဖစ္သူကို သတ္သြားသူေတြကို မနည္းေဖာ္ထုတ္ခဲ့ရတဲ့ အေၾကာင္း ဝမ္းနည္းမ်က္ရည္ေတြနဲ႔ ျပန္ေျပာင္းေျပာျပလာတဲ့ သ႐ုပ္ေဆာင္ ေဆာင္းအိေျႏၵထြန္း"

Leave a comment

Your email address will not be published.


*